Wednesday 16 January 2013

မြန်မာစာစနစ် ပါဝင်သည့် မြန်မာစယစနစ်ပါဝင်သောHTC မိုဘိုင်းဖုန်းများအား ပြည်တွင်း၌ တရားဝင် စတင်ဖြန့်ချိ

လွမ်းဦးမောင်(မြောင်းမြ) | 18:03 | Best Blogger Tips




မြန်မာစာစနစ် ပါဝင်သည့် HTC မိုဘိုင်းဖုန်းများအား ပြည်တွင်း၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့၌ တရားဝင် စတင်ဖြန့်ချိရန်အတွက် HTC Coporation နှင့် ပြည်တွင်းရှိ KMD Computer Group တို့ သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ HTC မိုဘိုင်းဖုန်းများအား တရားဝင်ဖြန့်ချိရာတွင် မြန်မာနိုင်ငံအတွက် အထူးသီးသန့် ဖန်တီးထားသည့် မြန်မာဘာသာသုံး
Virtual Keyboard များဖြင့် ဒီဇိုင်းတီထွင်ထားသည့် စမတ်ဖုန်းများ ပါဝင်ပြီး မြန်မာစာစနစ်တွင်လည်း ဇော်ဂျီ၊ စံမြန်မာနှင့် Myanmar 3 များ ပါဝင်ကြောင်း သိရှိရသည်။
“ကျွန်တော့်ရဲ့ ပြင်းပြတဲ့ဆန္ဒက မြန်မာဘာသာကို အပြည့်အ၀ အသုံးပြုနိုင်မယ့် Smart Phone တွေကို ဆန်းသစ်တီထွင်မှု ပြုလုပ်ပေးချင်တာပါ။ ဒါမှသာ မြန်မာလူမျိုးတွေ ဆက်သွယ်မှုအပိုင်းမှာ ပိုပြီးအဆင်ပြေပြေ လွယ်လွယ်ကူကူ ဆက်သွယ်လာနိုင်ကြမှာပါ” ဟု HTC ၏ CEO ဖြစ်သူ ဦးဝင်းသန်း (ခေါ်) Mr Peter Chou က ပြောကြားခဲ့သည်။
“ကျွန်မတို့အနေနဲ့ HTC Concept Store တွေမှာ ဖုန်းတွေကို ပြသရောင်းချတဲ့ ဆိုင်သက်သက်ပဲ မဟုတ်ပါဘူး။ HTC ရဲ့နောက်ဆုံးထွက်လာတဲ့ Innovative အဖြစ်ဆုံး နည်းပညာတွေကို ၀ယ်ယူစရာမလိုပဲ ကျောင်းသားကျောင်းသူတွေနဲ့ စိတ်ပါဝင်စားသူတွေကိုယ်တိုင် စမ်းသပ်နိုင်ဖို့ စီစဉ်ပေးထားတဲ့ နေရာတစ်ခုပါ။ နောက်ပြီး HTC စမတ်ဖုန်းတွေရဲ့ Feature တွေကို လေ့လာသင်ယူနိုင်ဖို့ user experience training တွေကိုလည်း အခမဲ့တက်ရောက်နိုင်အောင် စီစဉ်ပေးသွားမှာပါ။ အခြားမြို့ကြီးတွေမှာလည်း HTC Concept Store တွေ ထပ်ဖွင့်သွားမှာပါ” ဟု KMD Computer Group ၏ ဥက္ကဌဖြစ်သူ ဒေါ်တင်တင်အေးက ပြောကြားခဲ့သည်။
အဆိုပါ ပြည်တွင်းသို့ တရားဝင် စတင်ဖြန့်ချိမည့် HTC ၏ စမတ်ဖုန်းများတွင် နိုင်ငံတော်တော်များများ၌ မရနိုင်သေးသည့် HTC Butterfly စမတ်ဖုန်း အပါအ၀င် Desire C, Desire VC, Desire X, One X များ ပါဝင်ပြီး HTC Product warranty အနေဖြင့် ၁၈ လပေး သွားမည်ဖြစ်ကြောင်း သိရသည်။

Ref & Credit to Eleven Media Group

No comments:

Post a Comment

မန်ဘာဝင်ခဲ့ခြင်းဖြင့်အားပေးကြပါဦးနော်