မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံလာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။ အမျိုးသားညီလာခံ ကျင်းပရာ အဆိုပါနေရာရှိ မူလအဆောက်အအုံ နေရာ များ၌ စက်ရုံတည်ဆောက်မည် မဟုတ်ဘဲ သီးခြားနေရာတွင် ဆောက်လုပ် မည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
”ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း ကြီးတယ်။ ဒါ့ကြောင့်လူ ၅ သောင်း အလုပ် ရသွားမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
စက်ရုံ တည်ဆောက်ခြင်းကို ယခုနှစ်လအတွင်း စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး ပြည်တွင်း၌ အဓိကရောင်းချရန်မဟုတ်ဘဲ တောင်ကိုရီးယားမှ တစ်ဆင့် ပြန်လည်ဖြန့်ဖြူး ရန် စက်ရုံလာတည်ခြင်း ဖြစ်သည်ဟု ကော်မရှင်မှ သိရသည်။
ယခုကဲ့သို့သော ဆမ်ဆောင်း စက်ရုံကို ဗီယက်နမ်နိုင်ငံတွင် တည်ထောင် ထားခဲ့ပြီးဖြစ်သည်ဟု သိရ သည်။အစိုးရသစ် တက်ပြီးနောက် ကမ္ဘာကျော် အမှတ်တံဆိပ်များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ပက်(ပ်)စီကုမ္ပဏီပြီးလျှင် ယခု တောင်ကိုရီးယားဆမ်ဆောင်းမှာ ဒုတိယ
မြောက် ဖြစ်သည်။
PN-051၊ရန်နိုင်
Ref & Credit to Popular Myanmar News Journal

No comments:
Post a Comment
မန်ဘာဝင်ခဲ့ခြင်းဖြင့်အားပေးကြပါဦးနော်